Friday, November 27, 2009

လတ်တလောအခြေအနေ

လတ်တလောအခြေအနေ

တချို့ ပျင်းပျင်းရိရိနေ့ရက်တွေ ကို ပိုပျင်းပျင်းလာတဲ့အချိန်
ကျနော်က မပျင်းရိစေဖို့ ပျင်းပျင်းရိရိအလုပ်တွေကိုပဲ ထပ်ထပ်လုပ် နေနေရဦးမှာလား
မမိုက်ပါဘူးဗျာ မာစ်ဝါဒခေတ်မကောင်းတော့တာနဲ့ အကုန်လုံးဓနရှင်ဆန် ပစ်ကြတာ.
ကျနော်တောင် ဘေးက ဒီလူတွေကိုကြည့်ရင်း ကြည့်ရင်း ရှက်လာတယ်.
တမင်တကာဖိနပ်မစီးခဲ့တဲ့ ပစ္စည်းမဲ့တောကျောင်း ဆွဲခန့်ဆရာလေးက
အသက်ကြီးလာတဲ့အခါ ဂလိုဘယ်လ်ဆန်ဆန် ပါတိတ်အင်္ကျိတွေဝတ်ပြတာမျိုး.
ကျနော်ကတော့ စကပ်တိုတိုဝတ်ပြီး သူ့ပေါင်တံအလှတွေကို ခင်းကျင်းပြချင်တဲ့
ကောင်မလေး လောက်တောင်မကြည်ညိုဘူး.
ကြွားကြွားရွားရွားလူတွေက ကြွားကြွားရွားရွားစကားတွေကို ကြွားကြွားရွားရွားပြောရင်း
ကျေနပ်နေချိန် တချို့သူတွေက ဆိုးဆိုးရွားရွား ရိုးရိုးပြနေတာမျိုး.
ကျနော်ကတော့ ထော်လော်ကန့်လန့်တွေ ပြောချင်နေရဲ့..
အချစ်ရေးမှာ.
သနားတတ်တဲ့ကောင်လေးနဲ့ သနားခံချင်တဲ့ကောင်မလေးက နှစ်အတော်များများမှာ မဆုံ
ဖြစ်ခဲ့ဘူး
မျက်လုံးတလုံးကို မျက်လုံး လက်တဖက်ကိုတဖက် အလျှော်ပေးရတဲ့ ဥပဒေသမှာ
နှလုံးသားခြင်းကော အလျှော်အစားမလုပ်သင့်ဘူးလား။
အဲ့ဒီမနက်မှာ ကျနော်က တောစပယ်ခင်းလေး လောင်မီးမကျမီ ထပြန်လာခဲ့တယ်။
အော်..မေ့လို့ဗျာ.
ခင်များနဲ့ကျနော်နဲ့ ယဉ်ကျေးမှုမှာ ကျနော်ကပဲ အမြဲစနှုတ်ဆက်ရရင်
ခင်ဗျားယုံကြည်ထားတဲ့ ချစ်ခင်မှုဆိုတာဘယ်လိုကြီးလဲ လို့ ကျနော်တွေးနေတယ်။

တောလူသစ်

2 comments:

  1. နောက်တခါဆိုရင် ကျနော်က စပြီး နှုတ်ဆက်ပါမယ်ဗျာ

    ReplyDelete
  2. ခင်ဗှားနဲ့ ကျွန်တော်ရဲ့ ယဉ်ကျေးမှုမှာ ကျတော်လာပြီး နုတ်ဆက်ယုံတင်မကပါဘူး လင့်ပါ ယူသွားပါတယ်
    အသက်ကြီးလာတဲ့အခါ ဂလိုဘယ်လ်ဆန်ဆန် ပါတိတ်အင်္ကျိတွေဝတ်ပြတာမျိုး.
    ကျနော်ကတော့ စကပ်တိုတိုဝတ်ပြီး သူ့ပေါင်တံအလှတွေကို ခင်းကျင်းပြချင်တဲ့
    ကောင်မလေး လောက်တောင်မကြည်ညိုဘူး. ဆိုတာလေးတော့ ခင်ဗျားနဲ့ ကျတော် တူနိုင်ပါတယ်ဗျာ
    ပျော်ရွှင်ပါစေ

    ReplyDelete