Sunday, February 14, 2010

ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တယ်

ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တယ်

ခဏနေပါဦး
ခင်ဗျားကဗျာက လန်းလှချည့်လား..ဟို..အရိုင်းအစိုင်းကောင်တွေနဲ့ပေါင်းတော့မလား..
ပေါင်းလဲ ဆီနဲ့ရေ
ကွဲချင်တိုင်းကွဲသလိုနေမှာပ..
ခင်ဗျားက ဆီ..

ခဏနေပါဦး..
သစ်ချင်သလိုသာသစ်တော့ဗျာ မျက်နှာတောင် ခဏခဏ သစ်ရသေးတာပဲ..
ကျနော်ကတော့ ခင်ဗျားနဲ့ ဒေသတူမွေးဖွားခဲ့လေတော့
ဒီဘ၀မှာ
ကမ္ဘာမကြေဘူး သီချင်းတပုဒ်ပဲ..အလွတ်ရခဲ့တယ်.

ခဏနေပါဦး..
ကမ္ဘာကြီးလည်ဖို့ မကျေနပ်စရာတွေနဲ့ မီးထိုးခဲ့ကြတာတော့မဟုတ်ပါဘူး..
နောက်ဆုံး
ခင်ဗျား..ချစ်တဲ့..သူကိုသာ နမ်းလိုက်ပါဗျာ..
ဆည်းဆာလေးပိုလှလာအောင်..
ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တာပေါ့ဗျာ
ကျနော့်အကြောင်းပြောပြရရင်လဲ ဇတ်ကနာဦးမယ်
၄၅ နှစ်လုံးလုံး
လက်ဆောင်ထုတ်လေးကိုင်ပြီး
သူများအချစ်တွေအားကြခဲ့ရတာ.
ဒီတနွေလဲ ကျနော်ချစ်ချင်ရာရာတွေ ချစ်ဦးမယ်ဗျာ
ခင်ဗျားနဲ့စကားပြောရတာလဲ ကောင်းပါတယ်
လူကြီးလူကောင်းတွေနဲ့ ၀ိုင်သောက်ရသလိုပါပဲ
ဒါပေမဲ့လဲ.. ပန်းဆိုးတန်းက အစိုးရဘီအီးဆိုင်လေးမှာ
သောက်ရသလိုနွေးထွေးပါရဲ့ဗျာ
အခုတော့ အရက်တွေလဲ မစစ်တော့ဘူး
အချစ်ကတော့စစ်နေသေးတာပဲ
ကျနော်
ခင်ဗျားတို့ရဲ့ ဗာလင်တိုင်း ဒေး နေ့မှာ ဂုဏ်ယူလိုက်ပါတယ်ဗျာ..
နောက်တခါဆုံတဲ့အခါ..
ခင်ဗျားဘာပြောမလဲဆိုတာတော့ ကျနော်သိနေပြီးသားမို့
ဘာဆိုဘာမှ မပြောပါနဲ့တော့ဗျာ..
ကျနော်ရေးတဲ့ထဲမှာတော့ ညစ်ညမ်းတာဆိုလို့
တမင်တကာ မပါအောင်ရေးခဲ့ရတယ် ဆိုတာ
ခင်ဗျားမယုံဘူး..မဟုတ်လား..
ဒါဆို ဒီတနွေ..
ကျနော်
ချမ်းမြေ့တော့မှာပါ..
အဲ့ဒီဗာလင်တိုင်းနေ့ကြီးကကော ဘာဖြစ်လို့
နွေဦးကို ကြိုခဲ့တာလဲ..
ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ဗျာ..

တောလူသစ်.

4 comments:

  1. ဂွတ်ထ ဟဟဟဟ
    ကျတော်လည်း ၄၅ နှစ်လုံးလုံး
    နှလုံးသားကိုပိုက်ပြီး
    သူများအချစ်ကို အားကျခဲ့တာ
    ခုထိ အားကျနေရတုန်း ဟဟဟဟဟဟဟ

    ReplyDelete
  2. ကဗျာတွေ လာဖတ်သွားပါတယ်

    ကြိုဆိုပါတယ်

    လင့်ခ်လေးလည်းလုပ်ခွက့်ပြုပါ

    အိန္ဒြာ

    ReplyDelete
  3. ဒါ ဘယ်သူ့ ဘလော့လဲ။ ချိုသင်း ဘလော့မှာ အိမ်ကလူကြီးကို လာသနားသွားတာ..။ လူရင်းထဲကပဲ ဖြစ်မယ်။ တွေ့ကြသေးတာပေါ့..
    စာလေးက ကောင်းချင်ရက်နဲ့ ..။ :D

    ReplyDelete